28
Aug

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ

 အသိပညာပေးခြင်း

၁။      ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူလူထုများအား ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

(၁၈-၇-၂၀၂၄)ရက်နေ့တွင် “အဏ္ဏဝါညစ်ညမ်းမှုအကြောင်းသိကောင်းစရာ”နှင့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်တို့ဖြင့် အ.ထ.က(ခွဲ)အ.လ.က(၂)ဒလမြို့နယ်နှင့် အ.မ.က(၁၁) ဒလမြို့နယ်၌ လည်းကောင်း၊ (၆-၈-၂၀၂၄) ရက်နေ့တွင် “ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ အန္တရာယ်”နှင့် “ဘေးကင်းသော သောက်သုံးရေ အကြောင်းသိကောင်းစရာ” ခေါင်းစဉ်တို့ဖြင့်  အ.ထ.က(၁) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လည်းကောင်း၊ (၉-၈-၂၀၂၄)ရက်နေ့တွင် “သစ်ပင်များ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတွင် အထောက်အကူပြုဆိုင်ရာသိကောင်းစရာ”၊ “ရေချိုသယံဇာတ ရှားပါးလာမှုနှင့်  ရေထုညစ်ညမ်းလာခြင်း”၊ “မြစ်ချောင်းများသို့ အမှိုက်များစွန့်ပစ်ခြင်းအန္တရာယ်”၊ “ကမ်းရိုးတန်း သယံဇာတအကြောင်းသိကောင်းစရာ”နှင့် “သိမှတ်ဖွယ်ရာဂေဟစနစ်များအကြောင်း” ခေါင်းစဉ်တို့ဖြင့် အ.ထ.က(၂)ရွှေပြည်သာမြို့နယ်၊ အ.ထ.က(ခွဲ)လ(၈)လှော်ကားမြို့နယ်၊ အ.ထ.က(၅) ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တို့၌ လည်းကောင်း၊ (၁၂-၈-၂၀၂၄)ရက်နေ့တွင် “မြစ်ချောင်းများသို့ အမှိုက်စွန့်ပစ်ခြင်းအန္တရာယ်ဆိုင်ရာသိကောင်းစရာ”၊ ခေါင်းစဉ်ဖြင့် အ.ထ.က(မြို့မ) လှည်းကူးမြို့နယ်၌ လည်းကောင်း၊ (၁၅-၈-၂၀၂၄) ရက်နေ့တွင် “စွန့်ပစ်ပစ္စည်းနှင့် ပလတ်စတစ်အကြောင်း သိကောင်းစရာ”၊ “ရေချိုအရင်း အမြစ်ရှားပါးလာခြင်း”နှင့် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေနေထိုင်ရေး” ခေါင်းစဉ်တို့ဖြင့် အ.လ.က(၁)လသာ၊ အ.ထ.က(မြို့ဟောင်း)နှင့် အ.လ.က(ထော်ဝက်) တို့၌လည်းကောင်း၊ (၁၆-၈-၂၀၂၄) ရက်နေ့တွင် “ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်း” ခေါင်းစဉ်ဖြင့် အ.ထ.က (၂) လသာ၌ လည်းကောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၂၅-၇-၂၀၂၄) ရက်နေ့တွင် Nanova Co., Ltd. မှ “HAZ-DUST Environmental Particulate Air Monitor နှင့် Real-Time Dust Monitor With Air Check 52 pump အား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်” လက်တွေ့တပ်ဆင်အသုံးပြုခြင်းသင်တန်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ သင်တန်းခန်းမတွင် လည်းကောင်း  ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

(၁၃-၈-၂၀၂၄)ရက်နေ့တွင် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က “ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး” ခေါင်းစဉ်ဖြင့်  ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာန၌ သင်တန်းပို့ချခြင်း ဆောင်ရွက်ခဲ့ပါသည်။

(၁၈-၇-၂၀၂၄) ရက်နေ့တွင် အ.ထ.က (ခွဲ) အ.လ.က (၂) ဒလမြို့နယ် နှင့် အ.မ.က (၁၁) ဒလမြို့နယ်၌ လည်းကောင်း၊ (၂၄-၇-၂၀၂၄) ရက်နေ့တွင် Shwe Taw Win Co., Ltd.နှင့် 2 Go Packgaing Co., Ltd.၌ လည်းကောင်း၊ (၂၆-၇-၂၀၂၄) ရက်နေ့တွင် Aun Gabar Co.,Ltd (လှိုင်သာယာ စက်မှုဇုန်)၊ SI YUAN (Myanmar) Co.,Ltd (လှိုင်သာယာစက်မှုဇုန်)နှင့် Beaume International Garment Manufacturing Co.,Ltd (လှိုင်သာယာစက်မှုဇုန်) တို့၌လည်းကောင်း၊ (၂၇-၇-၂၀၂၄) ရက်နေ့တွင် လှော်ကားရေဝေရေလဲဒေသ (စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ)၌လည်းကောင်း၊ (၂-၈-၂၀၂၄) ရက်နေ့တွင် Honeys Garment Co.,Ltd (မင်္ဂလာဒုံစက်မှုဇုန်) ၌လည်းကောင်း၊ (၆-၈-၂၀၂၄) ရက်နေ့တွင် အ.ထ.က(၁) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၌လည်းကောင်း၊ (၉-၈-၂၀၂၄) ရက်နေ့တွင် အ.ထ.က(၂)ရွှေပြည်သာမြို့နယ်၊ အ.ထ.က(ခွဲ)လ(၈)လှော်ကားမြို့နယ်၊ အ.ထ.က(၅)ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် တို့၌လည်းကောင်း၊ (၁၀-၈-၂၀၂၄) ရက်နေ့တွင် THY Garment Co., Ltd.၊ Enatic Automotive Co., Ltd.၊ Shengmao Art (Myanmar) Co., Ltd.၊ Shunrong Garment (Myanmar) Co., Ltd. နှင့် Takashima Sports တို့၌လည်းကောင်း၊ (၁၂-၈-၂၀၂၄) ရက်နေ့တွင် အ.ထ.က(မြို့မ)လှည်းကူးမြို့နယ် ၌လည်းကောင်း၊ (၁၄-၈-၂၀၂၄) ရက်နေ့တွင် အ.ထ.က(မြို့မ) လှည်းကူးမြို့နယ်နှင့် MEW Engineering Group Co.,Ltd. ၏ LED မီးသီးကော်ခွံထုတ်လုပ်တပ်ဆင် ရေးလုပ်ငန်း၌လည်းကောင်း၊ (၁၅-၈-၂၀၂၄)ရက်နေ့တွင် အ.လ.က(၁)လသာ၊ အ.ထ.က(မြို့ဟောင်း) နှင့် အ.လ.က(ထော်ဝက်) တို့၌လည်းကောင်း၊ (၁၆-၈-၂၀၂၄) ရက်နေ့တွင် အ.ထ.က(၂)လသာ ၌လည်းကောင်း၊ (၁၇-၈-၂၀၂၃) General Enterprises Garment Co., Ltd. ၏ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ Myanka Garment Co., Ltd. ၏ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ Weixin (Myanmar) Bags Company Limited  ၏ CMP စနစ်ဖြင့်အိတ်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ Mao Hsin Co.,Ltd.  ၏ CMP စနစ်ဖြင့် အားကစားပစ္စည်းအမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် Fook hing Co.,Ltd. ၏ CMPစနစ်ဖြင့် အမျိုးသမီးဝတ်အတွင်းခံအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းတို့အား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပြန်ကြားခြင်း

၂။       ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း အောက်ပါလုပ်ငန်းများအား ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်များ ပြန်ကြားပေး ခဲ့ပါသည် –   

          (က)    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း/ လုပ်ငန်းရှင်များသို့ ပတ်ဝန်းကျင်ဆိုင်ရာ                                          သဘောထားမှတ်ချက် ပြန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း/ လုပ်ငန်းရှင်များမှ သဘောထားတောင်းခံလာသည့်                      စီမံကိန်း/လုပ်ငန်း (၁) ခုအား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ဆောင်ရွက်ရန်နှင့်                                    သဘောထားတောင်းခံလာသည့် စီမံကိန်း/လုပ်ငန်း (၂) ခုအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း                         ဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် (၈၅) အရ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရန်                                  သဘောထားပြန်ကြားခဲ့ပါသည်။

          (ခ)     ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ပတ်ဝန်းကျင် ဆိုင်ရာ                                  သဘောထားမှတ်ချက် ပြန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သဘောထား မှတ်ချက်                         တောင်းခံလာသော စီမံကိန်း/လုပ်ငန်း အဆိုပြုလွှာ (၁) စောင်အား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်                         ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် (၈၅) အရ စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရန်                           သဘောထားပြန်ကြားခဲ့ပါသည်။

         (ဂ)     မြေဩဇာလုပ်ငန်းရှင်များသို့ ပတ်ဝန်းကျင်ဆိုင်ရာ သဘောထားမှတ်ချက်ပြန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေဩဇာစီမံကိန်း/လုပ်ငန်း အဆိုပြုလွှာ (၃) စောင်အား                            ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း အပိုဒ် (၈၅) အရ စည်းကမ်းချက်များ                        အား လိုက်နာဆောင်ရွက်ရန် သဘောထားပြန်ကြားခဲ့ပါသည်။

        (ဃ)    ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာများ စိစစ်ဆောင်ရွက်၍ ဦးစီးရုံးချုပ်သို့ တင်ပြခြင်းနှင့် ကုမ္ပဏီသို့                      အကြောင်းကြားခြင်း

ဦးစီးရုံးချုပ်မှ ခွဲဝေစိစစ်ရန် ပေးပို့လာသည့် အစီရင်ခံစာများအနက် EMP အစီရင်ခံစာ (၃)                         စောင်အား စိစစ်၍ လိုအပ်ချက်များ ပြန်လည်ပြင်ဆင်တင်ပြရန် ကုမ္ပဏီသို့ ပြန်ကြားခဲ့ပါသည်။

         (င)     အတည်ပြု (၆) စုံ အစီရင်ခံစာများ ဦးစီးရုံးချုပ်သို့တင်ပြခြင်းနှင့် ကုမ္ပဏီသို့ အကြောင်းကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း/ လုပ်ငန်း (၆)ခုမှ တင်ပြလာသည့် အတည်ပြု (၆) စုံ                     EMP အစီရင်ခံစာ (၆) စောင်အား စိစစ်၍ ရုံးချုပ်သို့ တင်ပြခဲ့ပါ သည်။

        (စ)     အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲ (Public Consultation Meeting – PCM) များ                                     တက်ရောက်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း                       ဆိုင်ရာ အစီရင်ခံစာများနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဆက်စပ် ပတ်သက်သူများ၊ ဒေသခံလူ့အဖွဲ့အစည်း                   များ၊ စီမံကိန်းကြောင့်ထိခိုက်ခံစားရသူများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ                     ဌာနဆိုင်ရာများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက်ရယူသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၏ အများ                   ပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲ (Public Consultation Meeting – PCM) များကို တက်ရောက်                             ဆွေးနွေးခဲ့ပါသည်။