28
Apr

၂၀၂၅ ခုနှစ် ဧပြီလအတွင်း (၁-၄-၂၀၂၅ ရက်နေ့မှ ၁၅-၄-၂၀၂၅ ရက်နေ့အထိ) ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ဧပြီလအတွင်း (၁-၄-၂၀၂၅ ရက်နေ့မှ ၁၅-၄-၂၀၂၅ ရက်နေ့အထိ) ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍  သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ် နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်း ဒေသကြီး/  ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထု အရည်အသွေးကို Environmental Perimeter Air Station (EPAS) – Haz-Scanner၊ Air Quality Monitoring Station (AQM-65)၊ Scentroid (SL – 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer – 1941150)၊ (Gas Analyzer – 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS) နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2) ၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။

စဉ် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းတာသည့်နေရာ တိုင်းတာသည့် Parameter များ
.၅ မိုက်ခရွန် အရွယ်ရှိသော
အမှုန်အမွှားများ
၁၀ မိုက်ခရွန် အရွယ်ရှိသော အမှုန်အမွှားများ ဆာလဖာဒိုင် အောက်ဆိုဒ် နိုက်ထရိုဂျင်

ဒိုင်အောက် ဆိုဒ်

အိုဇုန်း ကာဗွန်

မိုနောက် ဆိုဒ်

နေပြည်တော်
ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် လက်ခံနိုင်သော ကောင်းမွန်

 

 

ရန်ကုန်တိုင်းဒေသကြီး
ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ လက်ခံနိုင်သော ကောင်းမွန် လက်ခံနိုင်သော ကောင်းမွန်
International Business Center (IBC)၊ ရန်ကုန်မြို့ လက်ခံနိုင်သော ကောင်းမွန်
တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ လက်ခံနိုင်သော ကောင်းမွန် လက်ခံနိုင် သော
မန္တလေးတိုင်းဒေသကြီး
အမရပူရမြို့နယ် ကျန်းမာရေးကို ထိခိုက်စေနိုင် သောအဆင့် လက်ခံနိုင်သော ကောင်းမွန်
အောင်မြေသာစံမြို့နယ် လက်ခံနိုင်သော ကောင်းမွန်
ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးကို ထိခိုက်စေနိုင် သောအဆင့် လက်ခံနိုင်သော ကောင်းမွန် လက်ခံနိုင်သော ကောင်းမွန်
ညောင်ဦးမြို့ လက်ခံနိုင်သော ကောင်းမွန်
ကျောက်ဆည်မြို့ လက်ခံနိုင်သော ကောင်းမွန်
ပြင်ဦးလွင်မြို့ လက်ခံနိုင်သော ကောင်းမွန်
မိတ္ထီလာမြို့ လက်ခံနိုင်သော ကောင်းမွန်
စစ်ကိုင်းတိုင်းဒေသကြီး
မုံရွာမြို့ လက်ခံနိုင်သော ကောင်းမွန်
ဟုမ္မလင်းမြို့ ကောင်းမွန်
တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်မြို့ _ ကောင်းမွန် _ ကောင်းမွန်
ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့ ကောင်းမွန်
မကွေးတိုင်းဒေသကြီး
သရက်မြို့ _ ကောင်းမွန် _ ကောင်းမွန် _ ကောင်းမွန်
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်မြို့ လက်ခံနိုင်သော ကောင်းမွန်
ကရင်ပြည်နယ်
ဘားအံမြို့ လက်ခံနိုင်သော ကောင်းမွန်
မြဝတီမြို့ လက်ခံနိုင်သော ကောင်းမွန် ခံနိုင်ရည်နည်းပါးသူများသာ ထိခိုက်နိုင် ကောင်းမွန်
၁၀ မွန်ပြည်နယ်
မော်လမြိုင်မြို့ လက်ခံနိုင်သော ကောင်းမွန်
မုဒုံမြို့ လက်ခံနိုင်သော ကောင်းမွန်
သထုံမြို့ လက်ခံနိုင်သော ကောင်းမွန်
၁၁ ရှမ်းပြည်နယ်
တောင်ကြီးမြို့ _ _ ကောင်းမွန် _ _
ကျိုင်းတုံမြို့ ခံနိုင်ရည် နည်းပါးသူများသာ ထိခိုက်နိုင် _ _ _ _ _
တာချီလိတ်မြို့ ကျန်းမာရေးကို ထိခိုက်စေနိုင် သောအဆင့် _ _ _ _ _
မိုင်းဆတ်မြို့ _ လက်ခံနိုင်သော _ ကောင်းမွန် _ ကောင်းမွန်
                 

 

 

 

လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index – AQI)

0-50 လေထုအရည်အသွေးကောင်းမွန်သောအဆင့်
51-100 လက်ခံနိုင်သော လေထုအရည်အသွေးရှိသည့် အဆင့်
101-150 ခံနိုင်ရည်နည်းပါးသောသူများအတွက်သာ ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့်
151-200 ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့်
201-300 ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သောအဆင့်
301-500 ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသောအဆင့်

လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှု အခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထု အရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာ ရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိ ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

Loader Loading...
EAD Logo Taking too long?
Reload Reload document
| Open Open in new tab

Download [146.19 KB]